Wednesday, October 12, 2016

Columbus Day Weekend Meditation Retreat

နယူးဂျာစီ၊ မနာလပန်မြို့၊ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၌ Columbus Day ရုံးပိတ်ရက် (၃)ရက် တရားစခန်းကို အောက်တိုဘာလ ၈-ရက် စနေနေ့မှ အောက်တိုဘာလ ၁၀-ရက် တနင်္လာနေ့ထိ ပြုလုပ်၏။ ဆရာတော် အရှင်ပညာသီဟက ကမ္မဋ္ဌာနာစရိယဆရာတော်အဖြစ် တရားဟော တရားပြသရာ `အာသ၀ကုန်ကြောင်း မြတ်တရားကောင်း (၁)၊ (၂)´တရားတော်ကို ဟောကြား ချီးမြှင့်ခဲ့၏။

အာသ၀ကုန်ကြောင်း မြတ်တရားကောင်း (၁) (၈-အောက်တိုဘာ-၁၆) - အရှင်ပညာသီဟ

အာသ၀ကုန်ကြောင်း မြတ်တရားကောင်း (၂) (၉-အောက်တိုဘာ-၁၆) - အရှင်ပညာသီဟ

Friday, June 3, 2016

One Day Meditation Retreat (28-May-2016)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် လစဉ် နောက်ဆုံး စနေနေ့၌ တစ်ရက်တရားစခန်းပြုလုပ်လေ့ရှိရာ ၂၀၁၆-ခုနှစ် မေလ (၂၈)ရက် စနေနေ့ တစ်ရက်တရားစခန်းဝယ် တင်တင်ရီက ကွယ်လွန်သူ မိခင်ကြီး ဒေါ်သစ္စဉာဏီ (ခေါ်) ဒေါ်အေးခုန်အား ရည်စူး၍ ဆွမ်းကပ်လှူ ကောင်းမှုကုသိုလ်ပြု၏။

လှိုင်မဟာစည်ဆရာတော်ကြီးက ဆွမ်းအနုမောဒနာတရား ချီးမြှင့်ပေး၏။



မွန်းလွဲပိုင်းတွင် ဆရာလေး ဒေါ်ကဉ္စနသိရီက လမ်းလျှောက်တရားရှုမှတ်နည်းကို သင်ကြားပေး၏။