Monday, April 18, 2016

မြန်မာနှစ်သစ်-၁၃၇၈ မင်္ဂလသုတ်ပူဇာ

၂၀၁၆-ခုနှစ် ဧပြီလ ၁၆-ရက်၊ ၁၃၃၇-ခုနှစ် နှောင်းတန်ခူးလဆန်း ၉-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ မြန်မာနှစ်သစ်မင်္ဂလာအဖြစ် မြတ်စွာဘုရားအမှူးရှိသော လောကချမ်းသာဘုရားကျောင်း ဆရာတော်များအား နေ့ဆွမ်း စုပေါင်း ဆက်ကပ်ကြ၏။

မွန်းလွဲ ၁-နာရီတွင် ဆရာတော် အရှင်ဉာဏိဿရ (မော်လူး)က အနာထပိဏ္ဍိကကောဝါဒသုတ်ကို သင်ကြား ပို့ချပေးပြီး -

မွန်းလွဲ ၂း၁၅ မှ ၃း၀၀ နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

ညနေချမ်းတွင် မင်္ဂလသုတ်တော်ကို ရွတ်ဖတ် ပူဇော်ကြပြီး -

လောကချမ်းသာဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက ဓမ္မဒါနပြု၏။

Monday, April 11, 2016

Myanmar New Year (10-April-2016)

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း (အေဘီဘီအေ)၏ ၁၃၇၈-ခုနှစ် မြန်မာနှစ်သစ်ကူး သင်္ကြန် ဆုတောင်း မေတ္တာပို့သပွဲကို ၂၀၁၆-ခုနှစ် ဧပြီလ (၁၀)ရက် တနင်္ဂနွေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်၏။

ပွဲတော်တွင် ရခိုင်မုန့်တီ၊ ရွှေရင်အေးတို့ဖြင့် ဧည့်ခံ ကျွေးမွေး၏။ အလှူရှင်များမှာ Kock Wong နှင့် ဒေါ်ကြူကြူသိန်း မိသားစု ဖြစ်၏။

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်း ဆရာတော် အရှင်ပညာသီဟက အနုမောဒနာတရား ဟောကြားပြီး၊ ဘော်စတွန် မဟာသတိပဋ္ဌာန်ရိပ်သာကျောင်းဆရာတော် အရှင်အဘယာလင်္ကာရက ရေစက်ချ အမျှဝေ ပြုလုပ် ချီးမြှင့်ပေး၏။