Monday, August 9, 2010

မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲ

၂၀၁၀ ခုနှစ် သြဂုတ်လ ၈ ရက် တနင်္ဂနွေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲကို ကျင်းပ ပြုလုပ်၏။

နံနက် ၉ နာရီမှ ၁၀ နာရီခွဲအတွင်း စုပေါင်း ရဟန်းခံပွဲနှင့် ရဟန်းတော်များအား သိမ်ဆင်းလောင်းလှူပွဲကို ပြုလုပ်၏။

နံနက် ၁၀ နာရီခွဲတွင် မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်း၊ အချိုမုန့်၊ သစ်သီးများဖြင့် ကပ်လှူ ပူဇော်ကြ၏။

နံနက် ၁၁ နာရီတွင် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပြီး၊ နေ့လယ်တွင် ဧည့်ပရိသတ်များအား နေ့လယ်စာ မြန်မာထမင်းဟင်း၊ အချိုမုန့်များ၊ သစ်သီးများဖြင့် ဧည့်ခံ ကျွေးမွေး၏။

ဆွမ်းနှင့် နေ့လယ်စာ အလှူရှင်မှာ ဒေါက်တာတင်မြင့်နှင့် ဒေါက်တာခင်ခင်လှ၊ သား - ဒေါက်တာ Alvin Htut မိသားစုတို့ ဖြစ်၏။

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ဝေယျာဝစ္စအဖွဲ့သူအဖွဲ့သားများကလည်း နယူးယောက် မန်ကျည်းဖျော်ရည်အေးဖြင့် ဧည့်ခံ၏။

မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးများကို မဇ္ဈိမဂုဏ်ရည်ဆရာတော်၊ ဘုန်းကြီး ဦးအဘယာလင်္ကာရနှင့် လောကချမ်းသာဆရာတော်တို့က ဟောကြား မြွက်ဆိုသွားကြပြီး၊ မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲ အနုမောဒနာတရားတော်ကို မဇ္ဈိမဂုဏ်ရည်ဆရာတော်က ဟောကြား ချီးမြှင့်၏။

မဇ္ဈိမဂုဏ်ရည်ဆရာတော်၏ ပူဇော်တရား

လောကချမ်းသာဆရာတော်က မဟာစည်ထေရ ဂုဏပူဇာ လင်္ကာများ တိုင်ပေး

ဘုန်းကြီး ဦးအဘယာလင်္ကာရ၏ ပူဇော်တရား

လောကချမ်းသာဆရာတော်၏ ပူဇော်တရား

မဇ္ဈိမဂုဏ်ရည်ဆရာတော်၏ အနုမောဒနာတရား

ထိုနောက် ချမ်းမြေ့ဆရာတော်ဘုရားကြီးက သြဝါဒစကား မြွက်ကြား ချီးမြှင့်ကာ အားလုံးသတ္တဝါတို့ ချမ်းမြေ့စေကြောင်း မေတ္တာ ပို့သခဲ့လေသည်။

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သြဝါဒ

မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲ အကြိုနေ့

၂၀၁၀ ခုနှစ် သြဂုတ်လ ၇ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲ အကြိုနေ့အဖြစ် ညနေ ၆ နာရီတွင် စုပေါင်း ရှင်ပြုပွဲကို ပြုလုပ်၏။

ရဟန်းခံမည့် သူများပါ တခါတည်း စုပေါင်း၍ ရှင်သာမဏေပြုကြရ၏။

ရဟန်းခံမည့် အစီအစဉ်မှာ နောက်ရက် သြဂုတ်လ ၈ ရက် တနင်္ဂနွေနေ့ နံနက် ၉ နာရီ၌ ဖြစ်၏။

စုပေါင်း ရှင်ပြုပွဲကို မဇ္ဈိမဂုဏ်ရည်ဆရာတော်က ပြုလုပ်ပေး၏။

စုပေါင်း ရှင်ပြုပွဲအပြီးတွင် ရဟန်းလောင်းများအတွက် သြဝါဒစကားနှင့် လောကချမ်းသာ စနေနေ့တရားပွဲကို ပူးတွဲ၍ မဇ္ဈိမဂုဏ်ရည်ဆရာတော်ကပင် “အခွင့်ရေးကောင်း လက်မလွတ်စေနဲ့”တရားတော်ကို ဟောကြား ချီးမြှင့်သွား၏။

+++++

(၁)

You need to install or upgrade Flash Player to view this content, install or upgrade by clicking here.

(၂)

You need to install or upgrade Flash Player to view this content, install or upgrade by clicking here.

(၃)

You need to install or upgrade Flash Player to view this content, install or upgrade by clicking here.

(၄)

You need to install or upgrade Flash Player to view this content, install or upgrade by clicking here.

(၅)

You need to install or upgrade Flash Player to view this content, install or upgrade by clicking here.

(၆)

You need to install or upgrade Flash Player to view this content, install or upgrade by clicking here.

(၇)

You need to install or upgrade Flash Player to view this content, install or upgrade by clicking here.

(၈)

You need to install or upgrade Flash Player to view this content, install or upgrade by clicking here.

(၉)

You need to install or upgrade Flash Player to view this content, install or upgrade by clicking here.