Monday, October 17, 2016

Ignorance - Ashin Pyinnya Thiha

Abhidhamma Day Ceremony (15-Oct-2016)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း ဓမ္မသင်တန်းသူ သင်တန်းသားများ၏ ဆဋ္ဌမအကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ၂၀၁၆-ခုနှစ် အောက်တိုဘာလ ၁၅-ရက် စနေနေ့ မွန်းလွဲပိုင်းတွင် ကျင်းပ ပြုလုပ်၏။

Wednesday, October 12, 2016

Columbus Day Weekend Meditation Retreat

နယူးဂျာစီ၊ မနာလပန်မြို့၊ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၌ Columbus Day ရုံးပိတ်ရက် (၃)ရက် တရားစခန်းကို အောက်တိုဘာလ ၈-ရက် စနေနေ့မှ အောက်တိုဘာလ ၁၀-ရက် တနင်္လာနေ့ထိ ပြုလုပ်၏။ ဆရာတော် အရှင်ပညာသီဟက ကမ္မဋ္ဌာနာစရိယဆရာတော်အဖြစ် တရားဟော တရားပြသရာ `အာသ၀ကုန်ကြောင်း မြတ်တရားကောင်း (၁)၊ (၂)´တရားတော်ကို ဟောကြား ချီးမြှင့်ခဲ့၏။

အာသ၀ကုန်ကြောင်း မြတ်တရားကောင်း (၁) (၈-အောက်တိုဘာ-၁၆) - အရှင်ပညာသီဟ

အာသ၀ကုန်ကြောင်း မြတ်တရားကောင်း (၂) (၉-အောက်တိုဘာ-၁၆) - အရှင်ပညာသီဟ

Friday, June 3, 2016

One Day Meditation Retreat (28-May-2016)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် လစဉ် နောက်ဆုံး စနေနေ့၌ တစ်ရက်တရားစခန်းပြုလုပ်လေ့ရှိရာ ၂၀၁၆-ခုနှစ် မေလ (၂၈)ရက် စနေနေ့ တစ်ရက်တရားစခန်းဝယ် တင်တင်ရီက ကွယ်လွန်သူ မိခင်ကြီး ဒေါ်သစ္စဉာဏီ (ခေါ်) ဒေါ်အေးခုန်အား ရည်စူး၍ ဆွမ်းကပ်လှူ ကောင်းမှုကုသိုလ်ပြု၏။

လှိုင်မဟာစည်ဆရာတော်ကြီးက ဆွမ်းအနုမောဒနာတရား ချီးမြှင့်ပေး၏။



မွန်းလွဲပိုင်းတွင် ဆရာလေး ဒေါ်ကဉ္စနသိရီက လမ်းလျှောက်တရားရှုမှတ်နည်းကို သင်ကြားပေး၏။

Monday, May 23, 2016

ကဆုန်လပြည့် ဗုဒ္ဓနေ့ (၂၁-မေ-၂၀၁၆)

၂၀၁၆-ခုနှစ် မေလ (၂၁)ရက် စနေနေ့သည် မြန်မာသက္ကရာဇ် ၁၃၇၈-ခုနှစ် ကဆုန်လပြည့်နေ့ ဖြစ်သောကြောင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ ပူဇော်မှုများအဖြစ် နံနက် ၁၁ နာရီတွင် မြတ်စွာဘုရားရှင်အား ဆီမီး၊ ပန်း၊ ရေချမ်း၊ ဆွမ်းတို့ဖြင့် ကပ်လှူ ပူဇော်ကြ၏။



ထိုနောက် လောကချမ်းသာဘုရားကျောင်းရှိ သံဃာတော်များအား ဒေါက်တာမြတ်မြတ်မွန်နှင့် မိတ်ဆွေများက နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။



မွန်းလွဲ ၁-နာရီတွင် နယူးယောက်မြို့သို့ ကြွရောက်ရှိနေသော လှိုင်မဟာစည်ဆရာတော်ကြီးက ဆွမ်းအနုမောဒနာတရား ချီးမြှင့်ပြီး -



လှိုင်မဟာစည်ဆရာတော်ကြီးနှင့်အတူ လိုက်ပါလာကြသော ဆရာတော် အရှင်ပညာသာမိနှင့် ဆရာလေး ဒေါ်ကဉ္စနသိရီတို့က လမ်းလျှောက်တရားရှုမှတ်ပုံကို ပြသ သင်ကြားပေးကြ၏။





ညနေ ၄-နာရီတွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ ပူဇော်ပွဲကို ဆက်လက် ကျင်းပ ပြုလုပ်ကာ ကောင်းမှုကုသိုလ် ပွားများကြလေသည်။

Tuesday, May 17, 2016

ကဆုန်လပြည့် ဗုဒ္ဓနေ့ - အေဘီဘီအေ (၁၅-မေ-၂၀၁၆)

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ကဆုန်လပြည့် ဗုဒ္ဓနေ့ ပွဲတော်ကို ၂၀၁၆-ခုနှစ် မေလ (၁၅)ရက် တနင်္ဂနွေနေ့တွင် အသင်းတည်ရာ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်၏။



ပွဲတော်၌ ဒေါက်တာတင်မြင့်+ဒေါက်တာခင်ခင်လှ မိသားစုက ကော်ရည်ခေါက်ဆွဲနှင့် မြန်မာအချိုမုန့်များဖြင့် အဟာရဒါန ပြု၏။

လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်းများ (၁၄-မေ-၂၀၁၆)

၂၀၁၆-ခုနှစ် မေလ ၁၄-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ပြုလုပ်မြဲ ဓမ္မသင်တန်းများကို ပြုလုပ် ကျင်းပရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြပြီး ၃-နာရီခွဲတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒဂါထာ ၁၄၁၊ ဗဟုဘဏ္ဍိကဘိက္ခုဝတ္ထုကို ပို့ချပေး၏။



ထိုနောက် ဆရာတော် အရှင်ပညာဇောတက အဘိဓမ္မာသင်တန်းကို သင်ကြား ပို့ချပေးပြီး



ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက ဓမ္မဒါန ပြု၏။

Monday, May 9, 2016

လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်းများ (၇-မေ-၂၀၁၆)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၆-ခုနှစ် မေလ (၇)ရက် စနေနေ့၌ ဓမ္မသင်တန်းများကို ပြုလုပ် ကျင်းပရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။



မွန်းလွဲ ၃-နာရီခွဲ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒဂါထာ ၁၃၇-၁၄၀ မဟာမောဂ္ဂလ္လာနတ္ထေရ၀တ္ထုကို ပို့ချပေးပြီး -



ဆရာတော် အရှင်ပညာဇောတက အဘိဓမ္မာသင်တန်းနှင့် ဥက္ကစေလသုတ်တို့ကို သင်ကြား ပို့ချပေးသည်။



ညနေ ဆည်းဆာတရားပွဲ မစမီ လယ်တီဆရာတော်ကြီးနှင့် လယ်တီ အရှင်ကေလာသ (ပါဠိပါရဂူ)တို့၏ ဗုဒ္ဓ၀င်လင်္ကာများကို ရွတ်ဆို ပူဇော်ကြပြီး၊



ဆရာတော် အရှင်ဝိမလက တရားဓမ္မဟောကြား ဓမ္မဒါနပြုလေသည်။

Tuesday, April 26, 2016

လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်းများ (၂၃-ဧပြီ-၂၀၁၆)

၂၀၁၆-ခုနှစ် ဧပြီလ (၂၃)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ပြုလုပ်မြဲ ဓမ္မသင်တန်းများကို ကျင်းပပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

မွန်းလွဲ ၃-နာရီခွဲတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ဒဏ္ဍ၀ဂ်၊ ဂါထာအမှတ် ၁၃၆-အဇဂရပေတ၀တ္ထုကို သင်ကြားပေးပြီး၊

ဆရာတော် အရှင်ဉာဏိဿ ရ(မော်လူး)က အနာထပိဏ္ဍိကောဝါဒသုတ္တန်ကို ပို့ချပေး၏။

အဘိဓမ္မာသင်တန်းပို့ချပေးနေသော ဆရာတော် အရှင်ပညာဇောတ ခရီးထွက်နေသဖြင့် သင်တန်းမရှိပေ။

ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက ဓမ္မဒါနပြု၏။

Monday, April 18, 2016

မြန်မာနှစ်သစ်-၁၃၇၈ မင်္ဂလသုတ်ပူဇာ

၂၀၁၆-ခုနှစ် ဧပြီလ ၁၆-ရက်၊ ၁၃၃၇-ခုနှစ် နှောင်းတန်ခူးလဆန်း ၉-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ မြန်မာနှစ်သစ်မင်္ဂလာအဖြစ် မြတ်စွာဘုရားအမှူးရှိသော လောကချမ်းသာဘုရားကျောင်း ဆရာတော်များအား နေ့ဆွမ်း စုပေါင်း ဆက်ကပ်ကြ၏။

မွန်းလွဲ ၁-နာရီတွင် ဆရာတော် အရှင်ဉာဏိဿရ (မော်လူး)က အနာထပိဏ္ဍိကကောဝါဒသုတ်ကို သင်ကြား ပို့ချပေးပြီး -

မွန်းလွဲ ၂း၁၅ မှ ၃း၀၀ နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

ညနေချမ်းတွင် မင်္ဂလသုတ်တော်ကို ရွတ်ဖတ် ပူဇော်ကြပြီး -

လောကချမ်းသာဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက ဓမ္မဒါနပြု၏။

Monday, April 11, 2016

Myanmar New Year (10-April-2016)

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း (အေဘီဘီအေ)၏ ၁၃၇၈-ခုနှစ် မြန်မာနှစ်သစ်ကူး သင်္ကြန် ဆုတောင်း မေတ္တာပို့သပွဲကို ၂၀၁၆-ခုနှစ် ဧပြီလ (၁၀)ရက် တနင်္ဂနွေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်၏။

ပွဲတော်တွင် ရခိုင်မုန့်တီ၊ ရွှေရင်အေးတို့ဖြင့် ဧည့်ခံ ကျွေးမွေး၏။ အလှူရှင်များမှာ Kock Wong နှင့် ဒေါ်ကြူကြူသိန်း မိသားစု ဖြစ်၏။

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်း ဆရာတော် အရှင်ပညာသီဟက အနုမောဒနာတရား ဟောကြားပြီး၊ ဘော်စတွန် မဟာသတိပဋ္ဌာန်ရိပ်သာကျောင်းဆရာတော် အရှင်အဘယာလင်္ကာရက ရေစက်ချ အမျှဝေ ပြုလုပ် ချီးမြှင့်ပေး၏။

လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်းများ (၀၉-ဧပြီ-၂၀၁၆)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ စနေနေ့ ဓမ္မသင်တန်းများကို ၂၀၁၆-ခုနှစ် ဧပြီလ (၉)ရက်နေ့တွင် ပြုလုပ်မြဲ ကျင်းပရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

မွန်းလွဲ ၃-နာရီခွဲ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ ဂါထာ ၁၃၅ ကို သင်ကြား ပို့ချပေး၏။

ပြီးသော် ဆရာတော် အရှင်ပညာဇောတက အဘိဓမ္မာနှင့် ဆဆက္ကသုတ်တော်တို့ကို ပို့ချပေးလေသည်။

ညနေ ၅-နာရီခွဲတွင် မြန်မာနှစ်သစ်အကြို လောကချမ်းသာဘုရားကျောင်းဆရာတော်များအား ပူဇော် ကန်တော့ခြင်း၊ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း ဝေယျာဝစ္စအဖွဲ့မှ အသက်ကြီးသူများအား ကန်တော့ခြင်း၊ ဓမ္မသင်တန်းသူ သင်တန်းသားများအနက် အသက်ကြီးသူများအား ကန်တော့ခြင်း ဆောင်ရွက်ကြ၏။

ထိုနောက် မင်္ဂလသုတ်တရားတော်ကို ရွတ်ဖတ် ပူဇော်ကြပြီး -

ဆည်းဆာတရားပွဲတွင် အရှင်ဉာဏိဿ ရ (မော်လူး)က ဓမ္မဒါန ပြု၏။

Monday, April 4, 2016

လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်းများ (၀၂-ဧပြီ-၂၀၁၆)

၂၀၁၆-ခုနှစ် ဧပြီလ (၂)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများ ပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီထိ တရားရှုမှတ်ကြပြီး၊ ဓမ္မပဒ ဂါထာ ၁၃၃-၁၃၄ ကောဏ္ဍဓာနတ္ထေရ၀တ္ထုကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ပို့ချပေး၏။

အဘိဓမ္မာနှင့် ဆဆက္ကသုတ် သင်တန်းကို ဆရာတော် အရှင်ပညာဇောတက ဆက်လက် သင်ကြား ပို့ချပေးကာ -

ဆည်းဆာတရားပွဲကို မတ်လ (၂၉)ရက်နေ့တွင် မြန်မာပြည်မှ ကြွရောက်လာသော ညောင်ကန်အေး-လောကချမ်းသာ ပရဟိတကျောင်း ဆရာတော် အရှင်ဉာဏိဿ ရ(မော်လူး)က ဓမ္မဒါနပြုလေသည်။

Thursday, March 24, 2016

လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်းများ (၁၉-မတ်-၂၀၁၆)

၂၀၁၆-ခုနှစ် မတ်လ (၁၉)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

ဓမ္မပဒသင်တန်းပို့ချနေသော ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတမှာ ဘော်စတွန်မြို့ မဟာသတိပဋ္ဌာန်ရိပ်သာကျောင်း ထမနဲပွဲတော်သို့ ကြွရောက်နေသဖြင့် ဆရာတော် အရှင်ပညာဇောတက အဘိဓမ္မာနှင့် ဆဆက္ကသုတ္တ သင်တန်းများကို ပို့ချ သင်ကြားပေး၏။

ညနေ ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက ဓမ္မဒါနပြု၏။

Monday, March 14, 2016

စာအုပ်ကြီးအတိုင်း - အရှင်ပညာသီဟ (နယူးဂျာစီ)

According to the Book_Page_1

According to the Book_Page_2

According to the Book_Page_3

According to the Book_Page_4

According to the Book_Page_5

According to the Book_Page_6

လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်းများ (၁၂-မတ်-၂၀၁၆)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ၂၀၁၆-ခုနှစ် မတ်လ (၁၂)ရက် စနေနေ့တွင် ဓမ္မသင်တန်းများကို ကျင်းပ ပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

မွန်းလွဲ ၃-နာရီခွဲတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ ဂါထာ ၁၂၉ မှ ဂါထာ ၁၃၂၊ ဂါထာ ၂၃၁ မှ ၂၃၄ တို့ကို သင်ကြား ပို့ချပေးပြီး၊

ဆရာတော် အရှင်ပညာဇောတက ဆဆက္ကသုတ် ဒုတိယပိုင်းကို သင်ကြားပေးကာ၊

ညနေ ဆည်းဆာတရားပွဲကို ဆရာတော် အရှင်ဝိမလက ဓမ္မဒါနပြု၏။

Tuesday, March 8, 2016

30th ABBA Htamane Pwe (06-Mar-2016)

နယူးယောက်မြို့ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ အကြိမ် ၃၀-မြောက် ထမနဲပွဲကို ၂၀၁၆-ခုနှစ် မတ်လ ၅-၆ ရက်များတွင် လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်၏။

မတ်လ (၅)ရက် စနေနေ့တွင် ထမနဲထိုးကြရာ နယူးယောက်မြို့ မြန်မာလူငယ်များက လာရောက် ကူညီ စုပေါင်း ထမနဲ ထိုးကြ၏။

2016-Htamane_01 2016-Htamane_02 2016-Htamane_03 2016-Htamane_04 2016-Htamane_05 2016-Htamane_06 2016-Htamane_07 2016-Htamane_08 2016-Htamane_09 2016-Htamane_10 2016-Htamane_11 2016-Htamane_12 2016-Htamane_13 2016-Htamane_14 2016-Htamane_15

(ဓာတ်ပုံများကို ကိုဝင်းရွှေက ရိုက်ကူး မှတ်တမ်းတင်ပေး၏။)

ထမနဲထိုးပြီးကြသောအခါ မြန်မာလူငယ်များက လောကချမ်းသာဆရာတော်ကြီးအား ကန်တော့ကြရာ ဆရာတော်ကြီးက သြ၀ါဒ ချီးမြှင့်၏။

အကြိမ် (၃၀)မြောက် ထမနဲပွဲတော်ကို မတ်လ (၆)ရက် တနင်္ဂနွေနေ့၌ ကျင်းပရာ လောကချမ်းသာဆရာတော်ကြီးက အနုမောဒနာတရား ချီးမြှင့်ပေးပြီး ဘုန်းကြီး ဦးအဘယာလင်္ကာရက ရေစက်ချ အမျှပေးဝေခြင်း ပြုလုပ်ပေး၏။

လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်းများ (၅-မတ်-၂၀၁၆)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၆-ခုနှစ် မတ်လ (၅)ရက် စနေနေ့၌ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

မွန်းလွဲ ၄-နာရီတွင် ဓမ္မပဒ ဂါထာ ၁၂၇၊ ၁၂၈ တို့ကို ဆရာတော် ဦးဥဂ္ဂပဏ္ဍိတက သင်ကြား ပို့ချပေးပြီး၊

ညနေ ၆-နာရီတွင် ဆရာတော် ဦးပညာဇောတက ဆဆက္ကသုတ်တော်ကို သင်ကြား ပို့ချပေးလေသည်။

Adittapariyaya Sutta Study

၂၀၁၆-ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ဓမ္မသင်တန်းများအဖြစ် မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်မှာ မြန်မာပြည်သို့ ကြွရောက်နေသဖြင့် ဆရာတော် အရှင်ပညာဇောတက တရားချီးမြှင့်၏။

ဓမ္မပဒ သင်ကြား ပို့ချပေးနေသော ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတမှာလည်း မအားလပ်သဖြင့် အာဒိတ္တပရိယာယသုတ် သင်ကြားပေးခြင်း၊ အဘိဓမ္မာ ပို့ချပေးခြင်းနှင့် လောကချမ်းသာ ဆည်းဆာတရားပွဲတို့ကို ဆရာတော် အရှင်ပညာဇောတကပင် သင်ကြား၊ ပို့ချ၊ ဟောကြားလေသည်။

အာဒိတ္တပရိယာယသုတ်

အဘိဓမ္မာ

ဆည်းဆာတရားပွဲ