Pages

Saturday, October 15, 2011

အဘိဓမ္မာအခါတော်နေ့ (၁၅-အောက်တိုဘာ-၂၀၁၁)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက် စနေနေ့၌ ဒုတိယအကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ကျင်းပ ပြုလုပ်ရာ အဘိဓမ္မာသင်တန်းသူ သင်တန်းသားများ မိသားစုများ ဓမ္မမိတ်ဆွေများ တက်ရောက်ကြ၏။

နံနက် ၁၁ နာရီတွင် မြတ်စွာဘုရားရှင်အား စုပေါင်း ဆွမ်းကပ်ကြပြီး၊ သံဃာတော်များအား စုပေါင်း ဆွမ်းဆက်ကပ် လှူဒါန်းကြ၏။







မွန်းလွဲ ၁ နာရီတွင် လောကချမ်းသာဘုရားကျောင်း၌ ဒုတိယအကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ပြုလုပ် ကျင်းပရာ ရှေးဦးစွာ နမော တဿ ဘုရားရှိခိုးဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး နတ်ဗြဟ္မာများကို ပင့်ဖိတ်၏။

လောကချမ်းသာဆရာတော်ထံမှ သီလခံယူရန်ဖြစ်သော်လည်း ဆရာတော် အနည်းငယ် အသံဝင်နေသဖြင့် ဘုန်းကြီးဦးအဘယာလင်္ကာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ၏။

ထိုနောက် ဆုထူးပန်ဆရာဟန်၏ အဘိဓမ္မာဘုရားရှိခိုးဖြင့် မြတ်စွာဘုရားရှင်အား ရှိခိုး ပူဇော် ကန်တော့ကြပြီး၊ အဘိဓမ္မာ (၇)ကျမ်း ပါဠိတော် ကောက်နုတ်ချက်များကို ရွတ်ဖတ် ပူဇော်ကြ၏။
















အနုမောဒနာတရားကို ဘုန်းကြီးဦးအဘယာလင်္ကာရက ချီးမြှင့်ပြီး၊ ဆုတောင်း အမျှပေးဝေ နတ်ဗြဟ္မာများကို ပြန်ပို့ကာ `ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု´ သုံးကြိမ် ရွတ်ဆို၍ အခမ်းအနား ပြီးဆုံး၏။



ရှေးဆရာတော်ကြီးများ၏ မှတ်သားဖွယ် အဘိဓမ္မာ (၇)ကျမ်း ဟောကြားသည့် ရက်,လ မှတ်တမ်း

ဓမ္မသင် ၀ိဘင်္ဂ၊ ဒွါဒသ ရက်စီ
ခြောက်ရက်ကြာ ကျမ်းဓာတုတ်ရယ်နှင့်
ပုဂ္ဂလာ ခုနစ်ရက်၊ ဟောမြွက်ခဲ့သည်။
ကထာဝတ် ရက်ရှစ်လီ
ဝီသာပ ယမိုက်ကျမ်း
ပဉ္စ၀ီ ပဋ္ဌာနရယ်နှင့်
ရက်(လ)သုံးလီ မယ်တော်မိကို ဟောသည့်မှတ်တမ်း။

ဓမ္မသင်္ဂီ = ၁၂ ရက်
ဝိဘင်္ဂ = ၁၂ ရက်
ဓာတုကထာ = ရက်
ပုဂ္ဂလပညတ် = ရက်
ကထာဝတ္ထု = ရက်
ယမက = ၂၀ ရက်
ပဋ္ဌာန်း = ၂၅ ရက်

No comments:

Post a Comment