Pages

Sunday, October 2, 2011

မဟာကာဠထေရ်ဝတ္ထုနှင့် အဘိဓမ္မာသင်တန်း

၂၀၁၁ ခုနှစ် အောက်တိုဘာလ (၁)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် စနေနေ့တိုင်း ကျင်းပ ပြုလုပ်မြဲဖြစ်သော တစ်နာရီ တရားရှုမှတ်ခြင်း၊ ဓမ္မပဒသင်တန်း၊ အဘိဓမ္မာသင်တန်းနှင့် ဆည်းဆာတရားပွဲတို့ကို ပြုလုပ် ကျင်းပရာ -

မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ တရားရှုမှတ်ကြပြီးနောက်၊ ၃ နာရီခွဲမှ ၄ နာရီအထိ `ဆရာတော် ဦးစက္ကိံဒ´က ဓမ္မပဒ၊ ယမက၀ဂ် ဂါထာ အမှတ် (၇)(၈)၊ မဟာကာဠထေရ်ဝတ္ထုအကြောင်း သင်ကြား ပို့ချပေး၏။



`ဆရာတော် ဦးစက္ကိံဒ´က သင်တန်းသူ သင်တန်းသားများ အခြေခံပါဠိဘာသာ နားလည်စေရန်အတွက် ပါဠိဘာသာ သိဖွယ် မှတ်ဖွယ်တို့ကို အထူး ထည့်သွင်း သင်ကြားသွား၏။

ဓမ္မပဒသင်တန်းပြီးသော် ခေတ္တ နား၍ အရှင်ဝဏ္ဏိတက အဘိဓမ္မာ စိတ်သရုပ်ခွဲကို ဆက်လက် သင်ကြား ပို့ချ၏။ အဘိဓမ္မာသင်တန်းကို အခြေခံအဆင့်မှ ပြန်လည် သင်ကြား ပို့ချရန် အစီအစဉ်ရှိရာ သင်တန်းတက်ရောက်လိုသူများ လောကချမ်းသာဘုရားကျောင်းသို့ စုံစမ်း ဆက်သွယ်နိုင်သည့်အကြောင်းလည်း သိရှိရ၏။



အဘိဓမ္မာသင်တန်းပြီးနောက် ခေတ္တ အနားပေးပြီး၊ ညနေ ၆ နာရီတွင် ဆည်းဆာတရားပွဲကို ကျင်းပ ပြုလုပ်ရာ ဆရာတော် ဦးစက္ကိံဒက မဟာကာဠထေရ်ဝတ္ထုကြောင်းဖြင့် ဟောကြား ချီးမြှင့် ဓမ္မဒါနပြု၏။



တရားပွဲပြီးသော် ၁၅ မိနစ်မျှ တရားရှုမှတ်ကြ၍ ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

No comments:

Post a Comment