Pages

Monday, September 19, 2011

ကျောင်းသန့်ရှင်းရေးလုပ်အားပေး၊ ကောသမ္ဘီရဟန်းများနှင့် သိတာလေးနဲ့ဆင်ခြင်ပါ

၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် စနေနေ့
နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း

... တခါ တခါတော့လည်း သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်း မထားတတ်သူတွေက ရှုပ်ပွ မသန့်ရှင်းဖြစ်နေတဲ့ ကျောင်းကို မြင်ပြီး အပြစ်ဆိုတတ်ကြတယ်။ ကျောင်းကိုလာတာ ကုသိုလ်ယူဖို့ ရဖို့ လာတာ၊ အကုသိုလ်ဖြစ်တယ် ရသွားတယ်ဆိုရင် ရည်ရွယ်ရင်းရဲ့ ဆန့်ကျင်ဘက် ဖြစ်သွားတော့တာပေါ့။
ကျောင်းမှာကလည်း ကျောင်းရဲ့ ဝေယျာဝစ္စကိစ္စတွေ သန့်ရှင်းရေးကိစ္စတွေ ဆောင်ရွက်ဖို့ ကပ္ပိယ သတ်သတ်မှတ်မှတ် မရှိပါဘူး။ ကျောင်းက ဘုန်းကြီးတွေပဲ ဆောင်ရွက်နေကြရတာ။ ဘုန်းကြီးတွေမှာလည်း ကျန်းမာရေး မကောင်းသူတွေ ရှိတော့ ဒကာ ဒကာမတွေကိုပဲ အလျင်းသင့်သလို အကူအညီတောင်းရတယ်။ ဒီနေ့လည်း သင်တန်းမစမီဖြစ်ဖြစ်၊ ညနေ တရားပွဲအပြီးဖြစ်ဖြစ် ကျောင်းသန့်ရှင်းရေးကုသိုလ် ယူကြစေလိုတယ် ... ဟု လောကချမ်းသာဆရာတော်က အမိန့်ရှိသဖြင့် ဓမ္မသင်တန်းနှင့် တစ်နာရီတရားမထိုင်မီတွင်လည်းကောင်း၊ ညနေ တရားပွဲအပြီးတွင်လည်းကောင်း ကျောင်းတိုက်သန့်ရှင်းရေး စုပေါင်း လုပ်အားပေးကြသည်။



အဘိဓမ္မာကို အခြေခံမှ သင်ကြားလေ့လာလိုသူများရှိရာ သင်တန်းမစမီ ကြိုတင်ရောက်ရှိလာပြီး သင်ယူလိုသူအား အရှင်ဝဏ္ဏိတက သင်ကြားပေး၏။ အခြေခံမှ စ၍ သင်ကြားလိုသူ များက အောက်တိုဘာလခန့်မှ စ၍ အဘိဓမ္မာ ပထမဆင့်သင်တန်းကို ဖွင့်လှစ် သင်ကြား ပို့ချပေးမည့်အကြောင်းလည်း သိရ၏။



ဓမ္မပဒနှင့် အဘိဓမ္မာသင်တန်းကို အရှင်ဝဏ္ဏိတက မွန်းလွဲ ၃ နာရီခွဲမှ ညနေ ၅ နာရီအထိ သင်ကြား ပို့ချပေးရာ ဓမ္မပဒ ဂါထာအမှတ် ၆၊ ကောသမ္ဘီရဟန်းများအကြောင်းနှင့် အဘိဓမ္မာ စိတ်သရုပ်ခွဲတို့ကို မှတ်သားဖွယ်ရာ အဖြာဖြာတို့ဖြင့် သင်ကြား ပို့ချပေးသွား၏။





ညနေ ၅ နာရီခွဲတွင် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်ဝိမလက ဟောကြား ချီးမြှင့်ရာ “သိတာလေးနဲ့ ဆင်ခြင်ပါ တရားတော်”ကို ဓမ္မဒါန ပြု၏။



တရားပွဲအပြီးတွင်လည်း ကျောင်းတိုက်သန့်ရှင်းရေးကို စုပေါင်း ဆောင်ရွက်ကြပြန်ရာ ကုသိုလ်မျိုးစုံတိုးသော နေ့တစ်နေ့အဖြစ် ဝမ်းမြောက်ကြရပါသည်။

သာဓု ... သာဓု ... သာဓု။

No comments:

Post a Comment