Friday, August 29, 2014

ဓမ္မသင်တန်းများနှင့် `သာသနာ ကြာကြာ တည်ပါစေ´

၂၀၁၄-ခုနှစ် သြဂုတ်လ ၂၃-ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ဓမ္မသင်တန်းများအဖြစ် မွန်းလွဲ ၂-နာရီတွင် လောကချမ်းသာဆရာတော်ကြီးက တစ်နာရီ တရားရှုမှတ်စဉ် တရား ဟောကြား ချီးမြှင့်ပြီး၊

မွန်းလွဲ ၃း၁၅ နာရီ အဘိဓမ္မာသင်တန်းတွင် ဆရာတော် အရှင်ပညာဇောတက စိတ်ပိုင်းကို သင်ကြား ပို့ချပေး၏။

ညနေ ၅ နာရီ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ပဏ္ဍိတ၀ဂ်၊ ဂါထာ ၈၃-ရဟန်းငါးရာဝတ္ထုကို ပို့ချပေးကာ၊

ညနေ ၆ နာရီခွဲ လောကချမ်းသာဆည်းဆာတရားပွဲ၌ ဆရာတော် အရှင်ပညာဇောတက `သာသနာ ကြာကြာ တည်ပါစေ´တရားတော်ကို ဟောကြား ဓမ္မဒါနပြုလေသည်။

Tuesday, August 19, 2014

ပဌမ ဓမ္မနာဒဆရာတော် အရှင်ပညာစက္က

First Dhammanada Sayadaw

မင်းကွန်းဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသသည် ပဌမကျော်၊ သကျသီဟဓမ္မာစရိယ၀ဋံသကာဘွဲ့များကို ရရှိပြီးနောက် `ဆရာသမား ထင်ရှားရှိနေသေးသမျှ ဆရာသမားကို လက်မလွှတ်ဘဲ ဆရာသမားထံမှ ပညာယူ၍သာ နေရမည်´ဆိုသည့် ရှေးမထေရ်မြတ်ကြီးတို့၏ အဆိုအမိန့်အတိုင်း ဆရာဖြစ်သူ ပဌမ ဓမ္မနာဒဆရာတော် အရှင်ပညာစက္ကထံ၌ အထက်တန်းစာဝါများကို သင်ကြား အားထုတ်လျက် လက်ထောက်စာချအဖြစ် တပည့်သံဃာများအားလည်း စာဝါများ ပို့ချပေးနေရင်း ၁၂၉၉-ခုနှစ်အရောက်တွင် ဆရာတော် အရှင်ပညာစက္က၏ လည်ချောင်း၌ ကင်ဆာရောဂါ ဖြစ်ပွားလာသည်။

ဆရာတော် အရှင်ပညာစက္ကမှာ တနေ့တခြား သွေးသားများ လျော့ပါးလာပြီး နားထင်ခွက်၍ မျက်တွင်းဟောက်ပက် ဖြစ်လာသည်။ ကမ္မဇရုပ်များ သိသိသာသာ ညှိုးနွမ်း၍ သေမည့်နိမိတ်လက္ခဏာများ အထင်းသား ပေါ်လွင်လာလေသည်။

ဆရာတော် အရှင်ပညာစက္ကသည် ကိုယ်ကျင့်သီလ ပြည့်ဝ ဖြူစင်ပြီး ပိဋကသုံးပုံ ပါဠိတော်ကြီးများကို အစအဆုံး အခေါက်ပေါင်း (၄၀)ကျော် ရွတ်ဖတ် ပူဇော်ခဲ့သူ ဖြစ်သည်။

ဆရာတော်၏ နှုတ်ဖျားမှ တရားစကားသံများသာ အမြဲတမ်း ထွက်ပေါ်နေခဲ့သည်။

ထိုသို့ တရားတော်ကို အမြဲမပြတ် ရွတ်ဖတ် ပူဇော်ခဲ့သူ ဆရာတော်ဘုရား၌ လည်ချောင်းကင်ဆာဆိုသော ရောဂါဆိုးကြီး ဖြစ်လာရသည်မှာ အံ့သြစရာကောင်းလှသည်။

ဤကဲ့သို့သော သူတော်ကောင်းကြီးများ၌သော်မှ ဘ၀နောက်ဆုံးအချိန်ဝယ် ဤသို့သော ရောဂါဆိုးကြီးများ ဖြစ်လာတတ်သေးသည်။ မာဒိသေသု ကထာဝ ကာ = ငါတို့လို သာမန်ပုဂ္ဂိုလ်များဆိုလျှင်ကား ဘာပြောစရာရှိတော့မှာလဲဟု ဉာဏသံဝေဂ ယူကြရန် ဖြစ်ပေတော့သည်။

`ရောဂါနှိပ်စက်မှုဒဏ်ကြောင့် ငါ့ဆရာတော် သတိလက်လွတ် ဖြစ်လေမည်လား?´ဟု အရှင်ဝိစိတ္တသာရာဘိဝံသ တွေးတော ပူပန်မိသည်။

ဆရာသမားဖြစ်၍ တိုက်ရိုက်လည်း မလျှောက်ရဲ။ ပရိယာယ်ဖြင့်သာ လျှောက်ထားရသည်။

တပည့် - ဆရာတော်ဘုရား၊ အသညသတ်ဘုံ ရောက်သွားကြတဲ့ ဗြဟ္မာတွေက နာမ်တရားကို ရွံရှာ မုန်းတီးတာဟာ လမ်းမှန်ပဲ မဟုတ်လား ဘုရား။

ဆရာ - အေး ... မှန်တယ်ကွ။

တပည့် - အရူပဘုံ ရောက်သွားကြတဲ့ ဗြဟ္မာတွေလဲ ရုပ်တရားကို ရွံရှာ မုန်းတီးတာဟာ လမ်းမှန်ပဲ မဟုတ်လား ဘုရား။

ဆရာ - အိမ်း ... မှန်တယ်ကွ။

တပည့် - ဒါဖြင့်ရင် ဘုရား ... အဲဒီ အမှန်နှစ်ခုကို စုပြီးတော့ `ဓီ နာမရူပံ၊ ဓီ နာမရူပံ = နာမ်ရုပ်တရား နှစ်ပါးသည် စက်ဆုပ်ဖွယ် ကြောက်လန့်ဖွယ်ပါတကား´လို့ နှလုံးသွင်းရင် ပြည့်စုံနိုင်တယ်မဟုတ်လား ဘုရား။

ဆရာ - အေး ... ဟုတ်ပါတယ်ကွာ။ ၀ဇီရာထေရီ ဘိက္ခုနီမကလေးက မာရ်နတ်ကို ပြန်ပြောတဲ့ `ဒုက္ခမေ၀ ဟိ သမ္ဘောတိ´ ဂါထာ ရတယ်မဟုတ်လား။ မင်း ရွတ်ကြည့်စမ်း။

တပည့် - `ဒုက္ခမေ၀ ဟိ သမ္ဘောတိ၊ ဒုက္ခံ တိဋ္ဌတိ ဝေတိ စ၊ နာညတြ ဒုက္ခာ သမ္ဘောတိ၊ နာညံ ဒုက္ခာ နိရုဇ္ဈတိ။´

ဆရာ - အေး ... သူတို့မှာတော့ ရဟန္တာဖြစ်လို့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို ဒုက္ခလို့ပဲ ထင်နေတဲ့အတွက် `ဒုက္ခမေ၀ ဟိ သမ္ဘောတိ´ စသဖြင့် ရွတ်ဆိုကြတာ။ ငါတို့ ပုထုဇဉ်များအဖို့က နာမ်ရုပ်တရားထင်မှ ပိုပြီး ကောင်းတယ်။ ဒီတော့ ... `နာမရူပံဝ သမ္ဘောတိ၊ တံဝ တိဋ္ဌတိ ဝေတိ စ၊ နာညတြ တမှာ သမ္ဘောတိ၊ နာညံ တမှာ နိရုဇ္ဈတိ´လို့ ဆိုမှ ပိုပြီး ကောင်းတယ်ကွ။

ဆရာတော် အရှင်ပညာစက္က မထေရ်မြတ်ကား တပည့် အရှင်ဝိစိတ္တသာရာဘိဝံသ ထင်သလို သတိလက်လွတ် ဖြစ်မနေသည့်အပြင် ရောဂါ ဝေဒနာ အပြင်းအထန် ခံစားနေရသည့်ကြားမှ တပည့်ဖြစ်သူအား တရားနှလုံးသွင်းနည်းကိုပင် နောက်ဆုံးအနေဖြင့် ပေးလိုက်ချေသေး၏။

အရှင်ဝိစိတ္တသာရာဘိဝံသသည် ဆရာသမား၏ နောက်ဆုံးမှာတမ်း ဆုံးမစကားကို တစ်သက် မမေ့နိုင်အောင် ကဗျာလင်္ကာဖြင့် ဤသို့ မှတ်တမ်းတင်ခဲ့လေသည်။

`ဤကိုယ်ကာယ၊ တစ်လံမျှ၌

နှစ်ဝနာမ်ရုပ်၊ ဖြစ်၍ချုပ်၏။

နာမ်ရုပ်နှစ်ပါး၊ အလွတ်ထား၍

ဤကားလိပ်ပြာ၊ ဤကားငါတည့်

ဤမှာဇီဝ၊ ဤအတ္တဟု

ညွှန်ပြဖွယ်ရာ၊ မရှိပါသည်

ခန္ဓာ နာမ်ရုပ်မျှသာတည်း။

နာမ်ရုပ်တရား၊ ဤနှစ်ပါးလည်း

ရှည်လျားကာလ၊ မတည်ကြဘဲ

ခဏဖြစ်လျက်၊ ခဏပျက်၏

နှိပ်စက်ခြင်းရာ၊ လိုမပါဘူး

သဘာဝအား၊ ဤသုံးပါးကြောင့်

ဖြစ်ပွားသမျှ၊ အနိစ္စသည်

ဒုက္ခ အနတ္တချည်းသာတည်း။´

ဓမ္မနာဒဆရာတော် အရှင်ပညာစက္ကသည် လည်ချောင်းကင်ဆာရောဂါဖြင့်ပင် ၁၂၉၉-ခုနှစ် တော်သလင်းလပြည့်ကျော် ၉-ရက်နေ့တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည်။

(ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ ရေးဖွဲ့ပူဇော်သည့် `တိပိဋကဓရအရှင်မြတ်များ၏ ဖခင် ကမ္ဘာကျော်မင်းကွန်းထေရ်ရှင်၊ ဆရာတော်ဘုရားကြီး သက်တော်ရာပြည့် အထိမ်းအမှတ်၊ ၁၂၇၃-၁၃၇၃´ စာအုပ်မှ)

လောကချမ်းသာစေတီတော်မုခ်ဝ လှေခါးကျောက်ပြားခင်းလုပ်ငန်း (၁၉-သြဂုတ်-၂၀၁၄)

???????????????????????

သပ္ပါယ လေးထွေ ပြည့်စုံစေဖို့ - အရှင်ပညာသီဟ(နယူးဂျာစီ)

တရားရှုမြင် သူတော်စင်တို့ ၀ိပဿ နာတရားကို ပွားများ အားထုတ်ရာ၌ တရားထူး တရားမြတ် ရစေရန်အတွက် သင့်တင့်လျောက်ပတ်မှု သို့မဟုတ် အဆင်ပြေမှုရှိဖို့ အလွန် အရေးကြီးသည်။

သင့်တင့်လျောက်ပတ်မှု အဆင်ပြေမှုကို ပါဠိလို `သပ္ပါယ´ဟု ခေါ်သည်။

`ပုဂ္ဂလ သပ္ပါယ´၊ `အာဝါသ သပ္ပါယ´၊ `ဥတု သပ္ပါယ´၊`ဘောဇန သပ္ပါယ´ ဟု လေးမျိုးရှိရာ တရားအားထုတ်သည့်အခါ တရားအားထုတ်ဖော် အားထုတ်ဖက်၊ တရားပြဆရာ၊ ကူညီ စောင့်ရှောက်သူ စသည်တို့နှင့် အဆင်ပြေမှုကို `ပုဂ္ဂလသပ္ပါယ´ဟု ခေါ်သည်။

မျှတသည့် ရာသီဥတု အပူ အအေး စသည်တို့နှင့် အဆင်ပြေမှုကို `ဥတုသပ္ပါယ´ဟု ခေါ်သည်။

မိမိနှင့် သင့်မြတ်သည့် အစားအသောက် လုံလောက်စွာ ရရှိမှုကို `ဘောဇနသပ္ပါယ´ဟု ခေါ်သည်။

တရားအားထုတ်ရန် နေရာထိုင်ခင်း စသည်တို့နှင့် ပြည့်စုံမှု အဆင်ပြေမှုကို `အာဝါသသပ္ပါယ´ဟု ခေါ်သည်။

ဒကာ ဒကာမများတို့ ၀ိပဿ နာတရား အားထုတ်ရာ၌ နေရာထိုင်ခင်း အဆင်ပြေစေရန် (အာဝါသသပ္ပါယနှင့် ပြည့်စုံစေရန်) စိတ်ရည်သန်၍ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းကြီး၏ ဦးဆောင် ဆရာတော်များ၊ သံဃာတော်များ၊ အမှုဆောင်လူကြီးများ၊ အစားအစာ စီမံချက်ပြုတ်သူ ဝေယျာဝစ္စဆောင်ရွက်သူများ၊ လုပ်အားပေးသူများ၊ အလှူရှင် ဒကာ ဒကာမများတို့၏ မဆုတ်မနစ်သော ကြိုးပမ်းအားထုတ် ဆောင်ရွက်မှုတို့ဖြင့် အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့နယ်တွင် စေတီတော်တစ်ဆူနှင့် မဟာစည်သတိပဋ္ဌာန်ရိပ်သာကြီးကို တည်ဆောက်နေရာ ယခုအခါ အတော်အသင့် ပြီးစီးနေပြီ ဖြစ်ပါသည်။

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းကြီး၏ ဘဏ်စာရင်းရှိ ဒေါ်လာငါးသိန်းမျှလောက်ဖြင့် စေတီတော်ကို ၂၀၀၅-ခုနှစ်တွင်လည်းကောင်း၊ ယောဂီကျောင်းဆောင်ကြီးကို ၂၀၁၀ ခုနှစ်တွင်လည်းကောင်း စတင် အကောင်အထည်ဖော်ခဲ့ရာ ယခုအခါ ထိုသာသနာ့အဆောက်အအုံများကို ဆောက်လုပ်ရာ၌ ကုန်ကျစရိတ်မှာ ဒေါ်လာနှစ်သန်းနီးပါးမျှ ရှိနေပြီ ဖြစ်ပါသည်။ ယခုအချိန်အထိ ငွေကြေး ချေးငှားရခြင်း မရှိသေးဘဲ ပြီးသမျှအတွက် ကုန်ကျစရိတ်ကို ပေးချေနိုင်နေသေး၍ အကြွေးမရှိသဖြင့် အလှူရှင်တို့၏ စေတနာကို အေဘီဘီအေအသင်းကြီးက ၀မ်းမြောက်စွာ သာဓုခေါ်ကာ ကျေးဇူး အထူးတင်ပါသည်။ တလုံးတခဲတည်း အများကြီး မဟုတ်သော်လည်း အခါအခွင့်သင့်သည်အားလျော်စွာ မိမိတို့တတ်အားသမျှ လှူဒါန်းငွေများဖြင့် သာသနာ့ အဆောက်အအုံသစ်များ ငွားငွားစွင့်စွင့် တင့်တင့်တယ်တယ် ထယ်ထယ်ဝါ၀ါ ပေါ်ပေါက်လာသည်ကို မြင်တွေ့ကြသည့် ဒကာ ဒကာမများသည်လည်း ၀မ်းသာပီတိ သာဓု ခေါ်မိကြပါသည်။

ယောဂီဆောင် ဆောက်လုပ်ခြင်းကို ၂၀၁၄-ခုနှစ်တွင် အပြီးသတ်ရန် ဆောက်လုပ်ရေးကုမ္ပဏီအား ပြောထားပြီးဖြစ်၍ ၂၀၁၅-ခုနှစ်တွင် ရိပ်သာဆောင်အဖြစ် အသုံးပြုနိုင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။ ထိုအခါ တရားအားထုတ်သူများအတွက် တရားထူး တရားမြတ် ရရန် အကြောင်းအထောက်အပံ့တစ်ခုဖြစ်သည့် အာဝါသသပ္ပါယနှင့် ပြည့်စုံပါတော့မည်။

တရားအားထုတ်လိုသူ ဒကာ ဒကာမများကလည်း ယောဂီကျောင်းဆောင်ကြီး ပြီးလျှင် နယူးဂျာစီသို့ လာရောက်၍ တရားအားထုတ်မည်ဟု အားခဲနေကြရာ တစ်နေ့တွင် ဒကာမကြီး နှစ်ယောက်က -

`ဆရာတော်ဘုရား၊ ရိပ်သာဆောင်ကြီးက ဘယ်တော့ ပြီးမှာလဲ ဘုရာ့´ဟု စာရေးသူကို မေးရာ -

`ပြီးတော့ ပြီးခါနီးနေပါပြီ ဒကာမကြီးရဲ့၊ ဒီနှစ် ၂၀၁၄-ထဲ ပြီးဖို့ ကြိုးစားပြီး ခိုင်းနေရတာပဲ´ဟု ဖြေမိသည်။

`ဒီလိုဆိုရင် ၂၀၁၅-ခုမှာ မြန်မာပြည်က ဆရာတော်ကြီးတွေကို ပင့်ပြီး တရားစခန်းဖွင့်လို့ ရပြီပေါ့ ဘုရာ့´

`ဖြစ်နိုင်လောက်ပါတယ် ဒကာမကြီးရဲ့၊ ဒါပေမယ့် ဒီနိုင်ငံက စည်းကမ်းအရမ်းကြီးတော့ အစစအရာရာကို စစ်ဆေးပြီးမှ အဆောက်အအုံကို နေထိုင်ခွင့် အသုံးပြုခွင့်လက်မှတ် ထုတ်ပေးမှာ။ အဲဒီလက်မှတ် ရရင်တော့ ဒကာမကြီးတို့ မျှော်မှန်းသလို ဖြစ်မှာပါ´ဟု စာရေးသူနှင့် ဒကာမကြီးတို့ စကားပြောနေခိုက် စေတီတော်နှင့် ကျောင်းဆောင် ဆောက်လုပ်ရေးတွင် အခကြေးငွေ တစ်ပြားတစ်ချပ်မှ မယူဘဲ ကိုယ်ဖိရင်ဖိ အချိန်ပြည့်ဆောင်ရွက်ပေးနေသူ အင်ဂျင်နီယာ ဒကာကြီး ဦးမောင်မောင်က -

`တရားစခန်းဖွင့်တာတော့ ဟုတ်ပါပြီ၊ တရားစခန်းမှာ အစားအသောက်ကို ဘယ်သူတွေ တာဝန်ယူပြီး ချက်ပေးကြမလဲ´ဟု ကြားဖြတ် မေးရာ -

ဒကာမကြီးက - `အဆင်သင့်ချက်ပြီးသားတွေကို ဆိုင်က မှာယူပြီး ရေခဲသေတ္တာထဲ ထည့်ထား၊ နောက်မှ နွှေးပြီး စားရင် ရပါတယ်´ဟု ပြန်ဖြေသည်။

တရားအားထုတ်ရာတွင် သင့်တော်သည့် အစားအသောက်နှင့် ပြည့်စုံရန် (ဘောဇနသပ္ပါယပြည့်စုံရန်)လည်း လိုအပ်သေးသည်။

ဓမ္မပဒအဋ္ဌကထာလာ မာတိကမာတာဝတ္ထုတွင် တရားကို ရိုရိုသေသေ လေးလေးစားစား ကြိုးစား၍ အားထုတ်နေကြသော်လည်း တရားထူးမရနိုင်သေးသည့် ရဟန်းတော်များ၏ အခြေအနေကို ကြည့်ကာ အစားအသောက် အဆင်ပြေအောင် မာတိကမာတာ ဒကာမကြီး၏ စီမံပေးမှုကြောင့် ရဟန်းတော်များ တရားထူးရသွားသည်ကို ကြည့်ခြင်းအားဖြင့် ဘောဇနသပ္ပါယသည်လည်း အရေးကြီးလှသည်ကို တွေ့ရသည်။ တရားအားထုတ်ရာတွင် အစားကို ချေး(ဂျီး)မများဘဲ ရသမျှဖြင့် တင်းတိမ်ရောင့်ရဲကာ တရားကိုသာ ကြိုးစား အားထုတ်ပါလျှင် ဘောဇနသပ္ပါယ ဖြစ်ဖို့ ခက်ခဲမည် မဟုတ်ပေ။

တရားအားထုတ်ရာ၌ ပြည့်စုံရမည့် သပ္ပါယတစ်ခုမှာ ပုဂ္ဂိုလ်အချင်းချင်း အဆင်ပြေမှု (ပုဂ္ဂလသပ္ပါယ) ဖြစ်သည်။ မေတ္တသုတ်ဟောရခြင်း၏ အကြောင်းရင်းမှာ တရားအားထုတ်သူ ရဟန်းတော်တစ်စုတို့နှင့် သစ်ပင်စောင့်နတ်တို့ အဆင်မပြေမှုကြောင့် ဖြစ်သည်။

သစ်ပင်စောင့်နတ်များက သူတို့နေရာ သစ်ပင်များအောက်တွင် ရဟန်းတော်များ တရားအားထုတ်သည့်အခါ ရဟန်းတော်များ၏ သီလ သမာဓိကြောင့် သူတို့မှာ သူတို့နေရာတည်ရှိရာ သစ်ပင်တွေမှ ဆင်းပြီး မြေကြီးပေါ် နေရသည်။ မိမိတို့ နေထိုင်ရာနေရာတွင် မနေရသဖြင့် အလွန်ဆင်းရဲဒုက္ခရောက်သော်လည်း တစ်နေ့ပြန်နိုး ပြန်နိုးနှင့် သည်းခံ၍ စောင့်နေကြသည်။ သို့သော် ရဟန်းတော်များက ထိုနေရာမှ မပြန်ဘဲ ဆက်ပြီး တရားအားထုတ်နေသဖြင့် သူတို့နေရာက မြန်မြန် ပြန်ထွက်သွားအောင် ရဟန်းတော်များကို အနှောင့်အယှက်ပေးတော့သည်။ ထိုအခါ ရဟန်းတော်များမှာ သမာဓိမရ တရားထူးမရဘဲ ရောဂါကိုပဲ ရကြသည်။

ထို့ကြောင့် သူတို့ တရားအားထုတ်သည့်နေရာသည် သူတို့အတွက် အဆင်မပြေကြောင်း (အာဝါသသပ္ပါယ မဖြစ်ကြောင်း)၊ ထို့ကြောင့် အခြားတစ်နေရာသို့ သွား၍ တရားအားထုတ်ရန် ဘုရားရှင်အား လျှောက်သည်။ ဘုရားရှင်က ထိုနေရာသည်သာ ရဟန်းတော်များအတွက် တရားထူးရနိုင်ကြောင်း၊ သစ်ပင်စောင့်နတ်များနှင့် အဆင်မပြေ၍သာ (ပုဂ္ဂလသပ္ပါယ မဖြစ်၍သာ) တရားထူး မရနိုင်ကြသေးကြောင်းကို သိတော်မူသဖြင့် နတ်များနှင့် ပုဂ္ဂလသပ္ပါယဖြစ်ရန် ရဟန်းတော်များအား မေတ္တသုတ်ကို သင်ပေးတော်မူသည်။

ရဟန်းတော်များက ထိုနေရာသို့ ပြန်ကြွ၍ ဘုရားရှင်သင်ပေးသည့် မေတ္တသုတ်ကို ရွတ်လည်း ရွတ်ဖတ်၊ မေတ္တသုတ်လာ ကျင့်စဉ်များကိုလည်း ကျင့်ပွားကြသည့်အခါ နတ်များ၏ ချစ်ခင်မှုကို ရရှိကြသည်။ ထို့နောက် အနှောင့်အယှက်ကင်းစွာ တရားအားထုတ်ကြရသဖြင့် တရားထူးတရားမြတ် ရရှိကြကာ ရဟန္တာမထေရ်များ ဖြစ်ကြသည်။

တရားစခန်း၌ ယောဂီများသည် အချင်းချင်း စကားမပြာ၊ အကြည့်ချင်း မဆိုင်၊ မိမိလုပ်ရမည့် တာဝန်ကို မိမိထမ်းဆောင်၊ မိမိကြောင့် ဖြစ်ပေါ်လာသည့် အညစ်အကြေးကို မိမိသန့်စင်၊ မိမိအပြုအမူကြောင့် အခြားသူများကို အနှောင့်အယှက် မဖြစ်စေရန် မေတ္တာဖြင့် ဆင်ခြင်၍ နေထိုင်ပါလျှင် တရားအားထုတ်ရာတွင် လိုအပ်သည့် ပုဂ္ဂလသပ္ပါယသည်လည်း အလိုလို ပြည့်စုံနိုင်ပါသည်။

တရားထူး တရားမြတ်ကို ရစေရာ၌ အထောက်အကူပြုသည့် အခြားသပ္ပါယတစ်ခုမှာ ဥတုသပ္ပါယ ဖြစ်ပါသည်။ ဥတုသပ္ပါယ ဆိုသည်မှာ အပူအအေးမျှတမှုနှင့် ပြည့်စုံရန် ဖြစ်သည်။ အအေးဓာတ် လွန်ကဲခြင်း၊ အပူဓာတ် လွန်ကဲခြင်း စသည့် အခြေအနေများတွင် တရားအားထုတ်လျှင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ အပူအအေးမျှတသည့် အခြေအနေတွင် ကျန်းမာရေး ပြည့်စုံစွာဖြင့် တရားအားထုတ်ပါက တရားထူး တရားမြတ် မြန်မြန် ရနိုင်ပါသည်။

ထိုကြောင့် တရားအားထုတ်ရာ၌ ဥတုသပ္ပါယ မျှတစေရန် နယူးဂျာစီ၊ မဟာစည်သတိပဋ္ဌာန်ရိပ်သာကြီး၏ ဆောက်လုပ်ဆဲ ယောဂီကျောင်းဆောင်ကြီးတွင် လေအေးပေးစက် တပ်ဆင်ခြင်း၊ အနွေးပေးစက် တပ်ဆင်ခြင်းများကို မဖြစ်မနေ ထည့်သွင်း ပြုလုပ်ရပါသဖြင့် ထိုသို့ ပြုလုပ်နိုင်ရန် အလှူငွေများ လက်ခံလျက်ရှိရာ လှူဒါန်းနိုင်ပါကြောင်းကို ထပ်လောင်း၍ အသိပေးလိုက်ရပါသည်။

Required Air Conditioners for New Temple

(4) 24,000Btu @$4,500 = $18,000

(2) 12,500Btu @$3,000 = $ 6,000

(16) 6,000Btu @$2,000 = $32,000

Donors for 24,000 Btu Air Conditioners

1. Daw Lily Win and family, in memory of U Myo Win $4,500

2. Daw Khin Than Myint Swe & Melvin Myint Swe family $3,500

3.

4.

Donors for 12,500 Btu Air Conditioners

1. Daw Lily Win and family, in memory of U Myo Win $3,000

2. U Tun Myint, Daw Khin May Pyone and daughter Su Thet $3,000

Donors for 6000 But Air Conditioners

1. Dr. Tun Nyunt, Dr. Khin Mi Mi Thein, daughter Thiri Kay Thwe Nyunt and son Thadoe Nyunt $2,000

2. In memory of parents U Hoke Thwin, Daw Khin Ti, and brother U Myo Win, from families $2,000

3. U Swe Tun and Daw Theingi Lwin, Lin Khine Aung, Alex & Khin Metta Tun, Zu Zu Tun and Latt Sandi Lwin $2,000

4. Dr. Myo Tun and Kay T. Swe, daughter Precious K. Tun, son Everett K. Tun $2,000

5.

6.

7.

8.

9.

10.

11.

12.

13.

14.

15.

16.

ဓမ္မသင်တန်းများနှင့် အင်္ဂုတ္တိုရ်မိတ်ဆက် (၁၆-သြဂုတ်-၂၀၁၄)

၂၀၁၄-ခုနှစ် သြဂုတ်လ (၁၆)ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ဓမ္မသင်တန်းများတွင် မွန်းလွဲ ၂-နာရီ၌ လောကချမ်းသာဆရာတော်ကြီးက တရား ချီးမြှင့်၏။

DSC02263 (1024x768)
အဘိဓမ္မာသင်တန်းတွင် ဆရာတော် အရှင်ပညာဇောတက လောကီစိတ် ၈၁-ပါးအကြောင်း သင်ကြား ပို့ချပေးပြီး -
DSC02268 (1024x768) (2)
DSC02269 (1024x768)

ဓမ္မပဒသင်တန်း၌ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ပဏ္ဍိတ၀ဂ်၊ ဂါထာ ၈၂-ကာဏမာတုဝတ္ထုကို ပို့ချပေး၏။

DSC02275 (1024x768)
DSC02277 (1024x768)

လောကချမ်းသာ ဆည်းဆာတရားပွဲ၌မူ မဟာမြိုင်ဆရာတော်က အင်္ဂုတ္တိုရ်မိတ်ဆက်ကို သင်ကြား ပို့ချပေးလေသည်။

DSC02284 (1024x768)
မာဂဓဘာသာ

ဘာသာများစွာ၊ ရင်းမြစ်မှာ၊ ဘာသာမူလ မာဂဓာ။

ကမ္ဘာဦးသား၊ ဗြဟ္မာများနှင့်၊ မကြားစကား၊ ဘုရားများ၊ ပြောကြား မာဂဓာ။

လောကတလွှား၊ စကားများ၊ ဘုရားစကား အမြတ်ဆုံး။

နိဗ္ဗာန်လည်းရောက်၊ ဆင်းရဲပျောက်၊ ထွန်းတောက် အသာဆုံး။

ပိဋကတ်သုံးပုံ

ဝိနည်း,သုတ္တန်၊ ဘိဓမ္မန်၊ သုံးတန် ပိဋကတ် နှစ်ဆယ်မှတ်။

ဒီဃ,မဇ္ဈိမ၊ သံယုတ္တထုတ်၊ အင်္ဂုတ္တရာ၊ ခုဒ္ဒကာ၊ ငါးဖြာ နိကာယ် လေးဆယ်မှတ်။

ပိဋကတ်ပင်လယ်၊ လွန်နက်ကျယ်၊ အလွယ်တတ်ပြီ မထင်နဲ့။

တစ်ကျမ်းတတ်ရုံ၊ နည်းမစုံ၊ အာဂုံ တယ်ပြီး မကိုးနဲ့။

ကိုယ်မှာ မတတ်၊ စာမှာတတ်၊ ဂါဟတ် ကိုက်တတ်သည်။ (ဒီပဲရင်းဆရာတော်ကြီး)

ကိုယ်မှာလည်း တတ်၊ စာမှာတတ်၊ ဂါဟတ် ကင်းပျောက်မည်။

ဘုရားရှင်များ၊ ဟောကြားရုံသာ

ကျင့်ကြံပွားများ၊ တို့များ တာဝန်ပါ။

အင်္ဂုတ္တိုရ် ဟောကြား၊ မြတ်ဘုရား၊ ၀ပ်တွား ရှိခိုးပါ ဘုရား။

အင်္ဂုတ္တိုရ် အား၊ မြတ်တရား၊ ၀ပ်တွား ရှိခိုးပါ ဘုရား။

အင်္ဂုတ္တိုရ် ဆောင်တတ်၊ သံဃာမြတ်၊ ဦးတိုက် ရှိခိုးပါ ဘုရား။

အင်္ဂါတစ်ခု၊ ပိုမိုပြု၊ ဟောမှု အင်္ဂုတ္တိုရ်။

တစ်မှ စရှိ၊ ဆယ့်တစ်ထိ၊ ကျမ်းသိ မှတ်ဖွယ်ကို။

ကိုးထောင့်ငါးရာ၊ ငါးဆယ်မှာ၊ စွန်းကာ ခုနစ်သုတ်။

အင်္ဂုတ္တိုရ်မှာ၊ သုတ်များစွာ၊ သင်္ချာပေါင်း၍ ချုပ်။

ဓမ္မသင်တန်းများနှင့် လောကချမ်းသာဆရာတော် ၀ိဇာတမင်္ဂလာပူဇာ (၉-သြဂုတ်-၂၀၁၄)

၂၀၁၄-ခုနှစ် သြဂုတ်လ ၉-ရက် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ဓမ္မသင်တန်းများအဖြစ် မွန်းလွဲ ၂-နာရီတွင် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

DSC02220 (1024x768)

ဆရာတော် အရှင်ပညာဇောတက အဘိဓမ္မာသင်တန်းကို သင်ကြား ပို့ချပေးပြီး -

DSC02227 (1024x768)
DSC02230 (1024x768)

ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ပဏ္ဍိတ၀ဂ်လာ ဂါထာ ၈၁၊ ဓမ္မဋ္ဌ၀ဂ်လာ ဂါထာ ၂၆၀-၂၆၁၊ ပကိဏ္ဏက၀ဂ်လာ ဂါထာ ၂၉၄-၂၉၅၊ လကုဏ္ဍကဘဒ္ဒိယထေရ် အကြောင်းတို့ကို ပို့ချပေး၏။

DSC02234 (1024x768)
DSC02235 (1024x768)

ထိုနောက် လောကချမ်းသာဆရာတော်ကြီး၏ ၇၄-နှစ်မြောက် ၀ိဇာတမင်္ဂလာအဖြစ် ဆရာတော်တော်ကြီးအား ပူဇော်ကြကာ -

DSC02242 (1024x768)

ညနေ လောကချမ်းသာဆည်းဆာတရားပွဲ၌ မဟာမြိုင်ဆရာတော်က ရေးဖွဲ့ပေးသည့် ဆရာကန်တော့ချိုး သံပေါက်လင်္ကာများကို ရှင်းလင်း ဟောကြားသွား၏။

DSC02245 (1024x768)

မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည် ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲ (၃-သြဂုတ်-၂၀၁၄)

၂၀၁၄-ခုနှစ် သြဂုတ်လ (၃)ရက် တနင်္ဂနွေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ (၁၁)ကြိမ်မြောက် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲကို ကျင်းပစဉ် -

DSC02192 (1024x768) DSC02196 (1024x768) DSC02197 (1024x768) DSC02199 (1024x768) DSC02206 (1024x768) DSC02213 (1024x768) DSC02217 (1024x768) DSC02184 (1024x768) DSC02219 (1024x768)

ဓမ္မသင်တန်းများနှင့် `ချစ်နည်းပညာ ချစ်ဆုံးမှာ´ (၁၉-ဇူလိုင်-၂၀၁၄)

၂၀၁၄-ခုနှစ် ဇူလိုင်လ ၁၉-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

DSC02147 (1024x768)

တတိယအကြိမ် အဘိဓမ္မာသင်တန်းကို စတင် သင်ကြား ပို့ချရာ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ပရမတ္ထသံခိပ်ကျမ်း သံပေါက်လင်္ကာများနှင့် အဖြေကျမ်းတို့ကို အခြေခံ၍ ဆရာတော် အရှင်ပညာဇောတက သင်ကြား ပို့ချပေး၏။

DSC02149 (1024x768)
DSC02152 (1024x768)

ဓမ္မပဒသင်တန်းတွင် ပဏ္ဍိတ၀ဂ်၊ ဂါထာ ၈၀-ပဏ္ဍိတသာမဏေ၀တ္ထုကို အရှင်ဥဂ္ဂပဏ္ဍိတက ပို့ချပေး၏။

DSC02158 (1024x768)
DSC02160 (1024x768)

ညနေ လောကချမ်းသာ ဆည်းဆာတရားပွဲတွင် မဟာမြိုင်ဆရာတော်က `ချစ်နည်းပညာ ချစ်ဆုံးမှာ´တရားတော်ဖြင့် ဓမ္မဒါန ပြု၏။

DSC02169 (1024x768)

ဓမ္မဘေရီဆရာတော်၏ အပါယ်လွတ်ရေးတရားသင်တန်း (၃) (၁၃-ဇူလိုင်-၂၀၁၄)

DSC02137 (1024x768)

ဓမ္မဘေရီဆရာတော်၏ အပါယ်လွတ်ရေးတရားသင်တန်း (၂) (၁၂-ဇူလိုင်-၂၀၁၄)

DSC02130 (1024x768)

ဓမ္မစကြာအခါတော်နေ့ (၁၂-ဇူလိုင်-၂၀၁၄)

DSC02093 (1024x768) DSC02096 (1024x768)
DSC02094 (1024x768) DSC02099 (1024x768) DSC02101 (1024x768) DSC02108 (1024x768) DSC02114 (1024x768) DSC02120 (1024x768)
DSC02122 (1024x768) DSC02123 (1024x768)

ဓမ္မဘေရီဆရာတော်၏ အပါယ်လွတ်ရေးတရားသင်တန်း (၁) (၁၁-ဇူလိုင်-၂၀၁၄)

၂၀၁၄-ခုနှစ် ဇူလိုင်လ ၁၁-ရက် သောကြာနေ့မှာ ၀ါဆိုလပြည့်နေ့ဖြစ်ရာ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းရှိ သံဃာတော်များ ဥပုသ်ပြုကြပြီး ညနေတွင် ဓမ္မဘေရီဆရာတော်က အပါယ်လွတ်ရေးတရားသင်တန်း ပို့ချ သင်ကြား၏။

DSC02085 (1024x768)
DSC02087 (1024x768)
DSC02090 (1024x768) DSC02091 (1024x768) DSC02092 (1024x768)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း ၀ါဆိုပွဲတော် (၆-ဇူလိုင်-၂၀၁၄)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ၀ါဆိုပွဲတော်ကို ၂၀၁၄-ခုနှစ် ဇူလိုင်လ (၆)ရက် တနင်္ဂနွေနေ့တွင် ပြုလုပ် ကျင်းပရာ ရွှေမင်းဝံဆရာတော်က အနုမောဒနာတရား ချီးမြှင့်သည်။

DSC02066 (1024x768) DSC02067 (1024x768) DSC02072 (1024x768) DSC02074 (1024x768)
DSC02083 (1024x768)