Sunday, March 31, 2013

ပတိပူဇိကာဝတ္ထု၊ ရူပဝိဘာဂနှင့် `ဓမ္မဒါယာဒသုတ်´တရားတော်

၂၀၁၃ ခုနှစ် မတ်လ ၂၃-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများနှင့် တရားပွဲတို့ကို ပြုလုပ်၏။ မတ်လ ၁၆-ရက် စနေနေ့က ဓမ္မသင်တန်းများ မရှိပေ။ ဓမ္မပဒနှင့် အဘိဓမ္မာသင်တန်းပြ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတမှာ ဘော်စတွန် မဟာသတိပဋ္ဌာန်ရိပ်သာကျောင်း ထမနဲပွဲတော်သို့ ကြွရောက်နေသောကြောင့် ဖြစ်၏။

ယခု ၂၃-ရက် စနေနေ့တွင် သင်တန်းသူ သင်တန်းသားများသည် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ လာမည့် ဧပြီလနှင့် မေလတို့တွင် ကျင်းပမည့် မြန်မာနှစ်သစ်ကူး ဆုတောင်း မေတ္တာပို့သပွဲနှင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ ပွဲတော် ဖိတ်စာများ ဖြန့်ဝေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်နေကြရရာ လောကချမ်းသာဆရာတော်၏ ငါးမိနစ်တရားတော် မပြုလုပ်ဖြစ်တော့ဘဲ မွန်းလွဲ ၃ နာရီထိသာ စုပေါင်း တရားရှုမှတ်ကြ၏။

မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီ ဓမ္မပဒသင်တန်းတွင် ဂါထာအမှတ် ၄၈ ပတိပူဇိကာဝတ္ထုအကြောင်းကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ပို့ချပေး၏။

IMG_1668
IMG_1670

ညနေ ၄း၃၀ နာရီမှ ၅း၃၀ နာရီ အဘိဓမ္မာသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ရုပ်ပိုင်း၊ ရူပဝိဘာဂကို သင်ကြား ပို့ချပေး၏။

IMG_1672
IMG_1674

ညနေ ၆ နာရီ ဆည်းဆာတရားပွဲတွင် လန်ဒန်မြို့ တိသရဏဝိဟာရကျောင်းမှ ဆရာတော် အရှင်ဇနက(မော်ကျွန်း)က `ဓမ္မဒါယာဒသုတ်´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

IMG_1675
IMG_1677 IMG_1679

အရှင်ဇနက (မော်ကျွန်း)၏ တစ်ဘဝဖြစ်စဉ် အကျဉ်းချုပ်

အရှင်ဇနကကို မော်လမြိုင်ကျွန်းမြို့နယ် ကနစိုချောင်းကျေးရွာတွင် ခမည်းတော် ဦးညို + မယ်တော် ဒေါ်လှမြိုင်တို့မှ ၁၃၁၆-ခုနှစ် ဝါခေါင်လဆန်း (၁၁)ရက်၊ (၁၉၅၄-ခုနှစ် သြဂုတ်လ ၁၀-ရက်) အင်္ဂါနေ့တွင် ဖွားမြင်ခဲ့သည်။

၁၃၂၆-ခုနှစ်တွင် ခမည်းတော်နှင့် မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် သိရီမင်္ဂလာကျောင်းတိုက် ဆရာတော်ဘုရားကြီး ဦးတိက္ခဉာဏအား ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေပြုခဲ့သည်။

(၁၃၃၃၊ ၃၄၊ ၃၅) ခုနှစ်များတွင် မြောင်းမြမြို့ ပဇ္ဇောတာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်တွင် ပညာသင်ကြားခဲ့ပြီး တိုက်တွင်း စာပေးပွဲများကိုလည်းကောင်း၊ ပထမငယ်တန်းနှင့် ပထမလတ်တန်းကိုလည်းကောင်း ပါဠိဘာသာဖြင့် ဖြေဆို အောင်မြင်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့ သာသနနုဂ္ဂဟစာမေးပွဲ မူလ အကြီးတန်းတွင် ဒုတိယနှင့် ပထမငယ်တန်းတွင် ပထမဖြင့် အောင်မြင်ခဲ့သည်။

၁၃၃၆-ခုနှစ် ဦးတန်ခူးလပြည့်ကျော် (၁၀)ရက်နေ့တွင် ကနစိုချောင်းကျေးရွာ သက်တော်ရှည် ဆရာတော်ဘုရားကြီး ဦးနန္ဒမာလာအား ဥပဇ္ဈာယ်ပြုလျက် ရဟန်းဒါယိကာမကြီး ဒေါ်တင်မြနှင့် (သား) ဦးရွှေလေး + ဒေါ်စန်းရီတို့၏ ပစ္စယာနုဂဟဖြင့် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ပထမအကြိမ် ရောက်ရှိခဲ့သည်။

၁၃၄၂-ခုနှစ် တပေါင်းလပြည့်နေ့တွင် ဦးညွန့်မောင် + ဒေါ်ခင်မြင့်၊ (သမီး) ဒေါ်အေးအေးနုတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ဒုတိယအကြိမ်၊ ၁၃၄၈-ခုနှစ်တွင် ဦးကြည် + ဒေါ်စန်းမြင့်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် တတိယအကြိမ်၊ ၁၃၅၀-ခုနှစ်တွင် ကဒုံကနိမြို့သစ် ရဟန်းဒါယိကာမကြီး ဒေါ်ပိုနှင့် ဦးအောင်ဘော် + ဒေါ်လှရီ၊ (သမီး) ဒေါ်အေးမိစန် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟဖြင့် စတုတ္ထအကြိမ်၊ ၁၃၅၂-ခုနှစ်တွင် မော်လမြိုင်ကျွန်းမြို့ ၁၄-လမ်း၊ ဦးသန်း + ဒေါ်မြလှိုင် မိသားစုတို့၏ ပစ္စယာနုဂဟဖြင့် ပဉ္စမအကြိမ် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဂန္ထကာရက ကျမ်းပြုအကျော် အရှင်ဇနကာဘိဝံသ ဆရာတော်ကြီးလက်ထက်တွင် (၅)နှစ်ခန့် ပညာဆည်းပူးခဲ့သည်။

ပခုက္ကူမြို့ မဟာဝိသုတာရာမ အလယ်တိုက်တွင် ဝိနည်းငါးကျမ်း၊ အင်္ဂုတ္ထိုရ်၊ သံယုတ် စသော စာဝါကြီးများကို ငါးနှစ်ခန့် တိုက်အုပ်ဆရာတော် ဦးပညိန္ဒ အထံတွင် ဆိုဝါဖြင့် ပခုက္ကူနည်းကို သင်ယူခဲ့သည်။

ပြည်မြို့ ဝိသုဒ္ဓါရုံ ဗာရာဏသီတိုက်၌လည်းကောင်း၊ မန္တလေးမြို့ တောင်ပြင်ဘုရားကြီးတိုက်၌လည်းကောင်း၊ မန္တလေးနည်းဖြင့် ငါးနှစ်ခန့် သင်ယူခဲ့ပြီး အစိုးရ ဓမ္မာစရိယစာမေးပွဲကိုလည်း ဘုရားကြီးတိုက် အမရပူရကျောင်းမှပင် အောင်မြင်ကာ စာပေပို့ချခြင်း စသော ဂဏဝါစက တိုက်တာ သာသနာ့တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ထိုမှတဖန် ဆရာတော် ဦးအဘယာလင်္ကာရ၏ အထောက်အပံ့ဖြင့် သီရိလင်္ကာနိုင်ငံသို့ သွားရောက်လျက် ပညာသင်ယူပြီး ကလနီယတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။

၂၀၀၁-ခုနှစ် စက်တင်ဘာလ (၂)ရက်နေ့တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ တိသရဏဝိဟာရ (မြောင်းမြ) ကျောင်းတိုက်သို့ ရောက်ရှိကာ အင်္ဂလိပ်စာ ဆက်လက် လေ့လာရင်း သင်တန်းပို့ချ၊ တရားဟော၊ တရားပြလျက် ဗုဒ္ဓဘာသာကျမ်းစာ လေးအုပ်ကို ရေးသားပြီး ဓမ္မဒါန အမတဒါန အမြိုက်အလှူကို ပေးလှူလျက် သာသနာ့တာဝန်များကို ယနေ့တိုင် ထမ်းဆောင်လျက် ရှိပါသည်။

+++++

တရားပွဲပြီးသော် ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

Friday, March 22, 2013

ဝိဋဋူဘဝတ္ထု၊ ဥပါဒါရုပ်များနှင့် `သူ့လိုလူ မဖြစ်ပါစေနဲ့´

၂၀၁၃ ခုနှစ် မတ်လ ၉-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်က ဝိပဿနာဆိုင်ရာ တရား ချီးမြှင့်၏။

IMG_1648

မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ပုပ္ဖဝဂ်၊ ဂါထာ ၄၇ - ဝိဋဋူဘဝတ္ထုအကြောင်း ဟောကြား ပို့ချ၏။

IMG_1652
IMG_1655

မွန်းလွဲ ၄ နာရီခွဲမှ ၅ နာရီခွဲ အဘိဓမ္မာသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင် အဘိဓမ္မာ၊ ရုပ်ပိုင်း၊ ဥပါဒါရုပ်များအကြောင်း သင်ကြား ပို့ချပေး၏။

IMG_1660
IMG_1663

ညနေ ၆ နာရီ လောကချမ်းသာဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ပညာဇောတက `သူ့လိုလူ မဖြစ်ပါစေနဲ့´ တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

IMG_1665

တရားပွဲပြီးသော် တနေ့တာ ကောင်းမှုကုသိုလ်အစုစုတို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

Monday, March 4, 2013

အေဘီဘီအေ ထမနဲပွဲတော် (မတ် ၂, ၃၊ ၂၀၁၃) ဓာတ်ပုံများ

နယူးယောက်မြို့ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ (၂၇)ကြိမ်မြောက် ထမနဲပွဲတော်ကို ၂၀၁၃ ခုနှစ် မတ်လ ၃-ရက် တနင်္ဂနွေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ပြုလုပ်၏။

HtamanePwe-2013

မတ်လ ၂-ရက် စနေနေ့ ထမနဲထိုးကြစဉ် -

IMG_1588 IMG_1591 IMG_1593 IMG_1595 IMG_1596 IMG_1598 IMG_1601 IMG_1606 IMG_1611 IMG_1612 IMG_1618 IMG_1620 IMG_1621 IMG_1623 IMG_1630 IMG_1631 IMG_1633 IMG_1643 IMG_1644

မတ်လ ၃-ရက် တနင်္ဂနွေနေ့ ထမနဲပွဲတော်၌ အနုမောဒနာတရား ဟောကြား နာယူနေကြစဉ် -

IMG_1647